မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှုအခြေအနေများအား RWS-MIS ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်းရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေး

မိတ္ထီလာ အောက်တိုဘာ ၁၅

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှု အခြေအနေများအား Rural Water Supply & Management Information System ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်းရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ Rural Water Supply & Management Information System ဖြင့် လက်ရှိရေသုံးမှု အခြေအနေများကို ကောက်ယူစုစည်းပြီး အဆိုပါ ရေများတွင် သန့်ရှင်းမှုရှိမရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုး(နည်းပညာ)နှင့် ဝန်ထမ်းများက Ecoli Test Kit များ စမ်းသပ်စစ်ဆေးလျက်ရှိရာ မိတ္ထီလာမြို့နယ်တွင် ကျေးရွာ (၃၈၀) ရှိသည့်အနက် ကျေးရွာ (၈၀) ကို အောက်တိုဘာလ ဒုတိယပတ်စတင်၍ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် သောက်သုံးရေ အခက်အခဲမရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာတိုင်း သောက်သုံးရေအခက်အခဲ မရှိစေရေးအတွက် စက်ရေတွင်းတူးဖော်ခြင်း၊ မြေသားရေကန် ပြန်လည်တူးဖော်ပြုပြင်ခြင်းများကို နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက်  မြို့နယ် အတွင်းရှိ ကျေးရွာများတွင် လက်ရှိ ရေသုံးစွဲမှုအခြေအနေများအား Rural Water Supply & Management Information Systemဖြင့် ကောက်ယူစုစည်းခြင်း လုပ်ငန်းများအား ဆောင်ရွက် လျက်ရှိသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)