မိုင်းဆတ် အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် အသက်(၂၇)နှစ်ရှိ အတည်ပြုလူနာနှင့် ထိတွေ့မိသည့် ကျန်းမာရေးဝန်ထမ်းအမျိုးသားတစ်ဦးအား ကိုဗစ်-၁၉ရောဂါကူးစက်ခံရကြောင်း မိုင်းတုံမြို့ ကျန်းမာရေးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အသက်(၃၅)နှစ်ရှိ ကျန်းမာရေးဝန်ထမ်းသည် ကိုဗစ်-၁၉ ဓာတ်ခွဲ နမူနာများ ရယူသော ဝန်ထမ်းဖြစ်ပြီး အတည်ပြုလူနာနှင့် တိုက်ရိုက်ထိတွေ့ခဲ့သူဖြစ်၍ ၎င်းအား Quarantine ထားရှိရာ (၃)ရက်မြောက်နေ့ဖြစ်သည့် ယမန်နေ့ ညက အရသာ မရတော့သည့်အတွက် Rapid Diagnostic Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ခြင်း ဖြစ်သည်။
အဆိုပါ ရောဂါကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းအား မိုင်းတုံမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်း ဦးဆောင်၍ ယနေ့ နံနက် ၆ နာရီက ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်လျက်ရှိကြောင်းနှင့် မိုင်းတုံမြို့တွင် အတည်ပြုလူနာ စုစုပေါင်း (၂)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)