လှိုင်းဘွဲ အောက်တိုဘာ ၁၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းများကို ပြည်သူများ သိရှိနိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်များတွင် နိုင်ငံတော်၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်း ဓါတ်ပုံများ၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ဖို့ ကျန်းမာရေး စည်းကမ်းတွေ လိုက်နာကြပါစို့၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ဖို့ ဘယ်လိုအချိန်တွင် ဆေးကုသမှု ခံယူရမလဲ၊ သင့်အတွက် ကျွန်ုပ်အတွက် Mask တပ်ပါ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ အိမ်မှာနေပါ၊ Mask တပ်ဆင်ပုံ နည်းစနစ်များ၊ မိမိကစကာကွယ်ဖို့ Mask တပ်ဆင်ကြပါစို့၊ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်း စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)