ကံမ အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ သတင်းအချက်အလက်များမှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ရုံးရှေ့ မြေစိုက် ဘုတ်တွင် နံရံကပ် စာစောင်များ ပြသဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များ လူမှုမီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာအသိပညာပေး စာစောင်များ အား ယနေ့နံနက်က ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ပြသထားရှိရာတွင် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ် ပညာနှင့် လုပ်ကြံသတင်းများ၊ကြော်ငြာများ၊လူမှုမီဒီယာအပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန် ရှောင်ရန် အချက်အလက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာပုံနှင့် ထင်မြင်ယူဆချက်များ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်သည့်အလေ့အထများ၏ အရေးပါမှုများ အစရှိသည့် အသိပညာပေးရုပ်ပုံ စာစောင် များကိုပြသထားကြောင်းသိရသည်။
ကျော်ဇေယျဝင်း (ကံမ)