ကွမ်းလုံ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးရွယ်အိုများအား ယနေ့နံနက်ပိုင်း က ရပ်ကွက်/ကျေးရွာများသို့ အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့နယ်တွင် အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးရွယ်အို (၈၁) ဦး အား တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး အဆိုပါ ငွေကြေးထောက်ပံမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ကြီးရွယ်အိုစာရင်းများ ပြုစုခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီရိကျော် မှ သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)