မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၁)ဦးရောဂါပျောက်ကင်း၌ ဆေးရုံဆင်းခွင့်ပြု

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ ပြည်သူ့ဆေးရုံတွင် ကျောက်ဆည်မြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြု လူနာနှင့် အတူစီးနင်းလိုက်ပါလာသော မြစ်သားမြို့နယ်မှ ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၁)ဦး ရောဂါပျောက်ကင်း၌ ယမန့်နေ့က ဆေးရုံဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်

ချင်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း (၃)ရပ်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်လျက်ရှိကြောင်း ကန်ပက်လက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ်များကို သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးထိုးနှံ ပေးမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် ၉ နှစ်မှ ၁၀ နှစ် အရွယ်ရှိ အမျိုးသမီးငယ်များ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့ ထက်မစော ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့ထက် နောက်မကျဘဲ မွေးဖွားသူများ) ကို သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး HPV vaccine ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၊ ညောင်ပင်လှကျေးရွာအုပ်စုတွင် စက်ရေတွင်းတူးဖော်ရန် ထောက်ပံ့ငွေပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပခုက္ကူမြို့နယ်၊ ညောင်ပင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲနိုင်စေရေးအတွက် စက်ရေတွင်း တူးဖော်ရန် ယမန်နေ့ နံနက် ၁၁နာရီက ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကြသည်။

ကျုံပျော် မြို့မဈေးအတွင်းရှိ စျေးရောင်း ဈေးဝယ်သူများတွင် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို အောက်တိုဘာ ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သိကောင်းစရာ များ အသိပညာပေးပုံများ ပြသထားရှိကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်ပြဘုတ်ဖြင့်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကြည့်ရှုလေ့လာ သိရှိနိုင်စေရန်အတွက်ရည်ရွယ်ပြီး ဦးစီးဌာနရုံးရှေ့တွင် နိုင်ငံတော် အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းများ၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်း များကို နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းနှင့် ကြိုတင်မဲထည့်ခြင်းများကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များရှေ့တွင် ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက် ၁၀ နာရီအချိန်၌ ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းနှင့် ကြိုတင မဲထည့်ခြင်းများကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ် ရပ်ကွက်(၇)ခုရှိ မဲရုံပြုလုပ်မည့်နေရာများအား ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် လယ်ဝေးမြို့ပေါ် ရပ်ကွက်(၇)ခုတွင် သတ်မှတ်လျာထားသည့် မဲရုံနေရာများသို့ ယမန်နေ့မွန်းလွဲ (၂)နာရီ က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်ရှိ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် Lock down ချထားသော အိမ်ထောင်စုများအား စားသောက်ကုန်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်ရှိ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ရေးအတွက် Lock down ချထားသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆေးစက်ပရဟိတလူငယ်များအသင်းက ယမန်နေ့ နေလယ်အချိန်က သွားရောက်လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
Subscribe to