မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ လာရောက်လှူဒါန်း

မြောက်ဥက္ကလာပ အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ အလှူရှင်များက ကိုဗစ်-၁၉ ရေဂါကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ယနေ့ နေ့လယ် ၁ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် Bicycle Network Myanmar နှင့် အလှူရှင်များစုပေါင်း၍ ငွေကျပ် (၄၁၄,၀၀၀) တန်ဖိုးရှိ  အမှိုက်အိတ်ကြီး ပီနံအိတ်(၃)အိတ်၊ သားရေလက်အိတ်(၁၀)ဘူး၊ KN95 Mask (၆၀၀)ခု၊ Mask (၆၀)ဘူးတို့ကို လှူဒါန်းရာ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာ ဥမ္မာစိန်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များ ဆောင်ရွက်ရာ တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)