သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

မိုးနဲ အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန် က ပေါ့မိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သင်းလဲ့လဲ့ထွန်းနှင့် ရပ်ကွက်စာရေးများ ပါဝင်သော ပူးပေါင်းအဖွဲ့က ရပ်ကွက်နေပြည်သူများ ကျန်းမာရေးဆိုင်ရာအသိပညာတိုးပွားစေရန်၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားတတ်သောနည်းလမ်းများ၊ ရှောင်ရန်ဆောင်ရန်နည်းလမ်းများ၊ ခြင်လောက်လမ်း နှိမ်နင်းရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ရေး၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မိမိရပ်ကွက်၊ မိမိနေအိမ်အတွင်း တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်ဆောင်ရွက်ရန် ကျန်းမာရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ပြီး တစ်အိမ် တက်ဆင်း သွားရောက်စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများလိုက်နာဆောင်ရွက်ရန် အချက်များကို hand Speaker ဖြင့် ကြေညာပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)