မြို့သစ် အောက်တိုဘာ ၁၆
မကွေးခရိုင် ၊မြို့သစ်မြို့နယ်၌ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးဆောင်ရွက်ကြမည့်အထူး ရဲသင်တန်းတက်ရောက်နေကြသည့် မြို့သစ်မြို့အထက(၂)မှ သင်တန်းသား (၉၆)ဦး၊ သင်တန်းနည်း ပြ(၃)ဦး ၊ ဝါးကြီးအိုင်နယ်မြေရဲစခန်းမှ သင်တန်းသား(၃၅)ဦး ၊ သင်တန်းနည်းပြ(၃)ဦး၊ ဒန့်ဒလွန်ပင် နယ်မြေရဲစခန်းမှ သင်တန်းသား(၃၈)ဦး ၊ သင်တန်းနည်းပြ(၃)ဦး စုစုပေါင်း အထူးရဲသင် တန်းသား (၁၆၉)ဦးနှင့် သင်တန်းနည်းပြ(၉)ဦးတို့ကို ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ကူးစက်ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်။
အဆိုပါ စစ်ဆေးမှုများ ပြုလုပ်ရာတွင် အထူးရဲသင်တန်းသားများနှင့်နည်းပြများကို မြို့သစ်မြို့ နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓါတ်ခွဲဝန်ထမ်း ဆရာ/ဆရာမ(၄)ဦးတို့ဖြင့် သီးသန့်ခန်းအတွင်း ၌ COVID-19(RDT) Test Kit ဖြင့်စစ်ဆေးခဲ့ကြရာ အားလုံးမှာ COVID-19 All Negative ဖြစ်ကြ ကြောင်း သိရသည်။
သန်းဝင်ထွန်း (ပြန်/ဆက်)