ပုသိမ် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပုသိမ်လူမှုညီအကိုများအဖွဲ့က ယမန်နေ့နေ့လယ်က စပြီး အမှတ် ၆ ရပ်ကွက်နယ်မြေ၊ အမှတ် ၂ ရပ်ကွက်နယ်မြေ ထုံးဘိုရပ်ကွက်နေ ဝင်ငွေနည်း အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်နင့် Mask များထောက်ပံလှူဒါန်းခဲ့ကြောင်းသိရသည်။ ပုသိမ်မြို့မှာ ကိုဗစ် -၁၉ ကာလ Stay at Home အကျုံးဝင်နေတဲ့အတွက် ဝင်ငွေနည်း ပြည်သူများ၏ စားဝတ်နေရေး တစ်ဘက်တစ်လမ်းမှ အဆင်ပြေစေရေး ရည်ရွယ်၍ စေတနာရှင်များ၏စုပေါင်း လှူဒါန်းမှုစုစုအား ပုသိမ်လူမှုညီအကိုများအဖွဲ့ဝင် အသင်းသားများ စုပေါင်း၍ လှူဒါန်းရခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အမှတ် ၆ ရပ်ကွက်ရှိ ဝင်ငွေနည်း အိမ်ထောင်စု ၈၀ နှင့် အမှတ် ၂ ရပ်ကွက်၊ ထုံးဘိုရပ်မှ အိမ်ထောင်စု ၁၂၀ တို့အား တစ်အိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ ၃၀ ကျပ်သား၊ ကြက်သွန်နီ ၄၀ ကျပ်သား၊ ဆား ၁ ထုတ်အပါအဝင် တစ်အိမ်ထောင်လျှင် face mask ၉ ခုစီ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)