တန့်ယန်းမြို့နယ်တွင် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များ သင်တန်းဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းဝေး ကျင်းပ

တန့်ယန်း  အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံပေါင်း (၉၀)ရှိရာ  မဲရုံမှူး၊ ဒု-မဲရုံမှူး သင်တန်းသား (၁၈၀)ဦးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး စာရေးဝန်ထမ်း (၅၉)ဦးတို့အား မဲရုံဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်းကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်ပြသပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)