မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ၏ Swab နမူနာများ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေး

မိုင်းဆတ် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့သူ (၅၅)ဦး၏ Swab နမူနာများအား ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရန် ယနေ့နံနက် (၉)နာရီ က မိုးလုံလေလုံအားကစားခန်းမတွင် ကျန်းမာရေးဝန်ထမ်းများက Swab နမူနာများရယူခဲ့ကြောင်း သိရသည်။

မို်ငးဆတ်မြို့ ကုန်စုံဆိုင်မှ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားနှင့် ဈေးဝယ်စဉ် ထိတွေ့မိသူ အမျိုးသား(၂၂)ဦး နှင့် အမျိုးသမီး(၃၃) ဦးတို့၏ Swab နမူနာများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် သွားနှင့်ခံတွင်းအထူးကုဆရာဝန် ဒေါက်တာသန်းဝင်းတို့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ရယူခဲ့ပြီး ဓာတ်ခွဲစစ်ဆေးရန် အောက်တိုဘာလ (၁၇)ရက်နေ့တွင် ကျိုင်းတုံမြို့သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)