ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပြည်သူ့ဆေးရုံသို့ ပရိဘောဂ ပစ္စည်းများ လှူဒါန်း

ပေါင်းတည်  အောက်တိုဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ပရိဘောဂ ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့    ညနေ ၄ နာရီက မြို့နယ်ဆေးရုံအုပ်ကြီး၏ ရုံးခန်းမရှေ့၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလှူရှင် ပေါင်းတည်မြို့ မင်းကွက် ၃ ရပ်ကွက် ရွှေတောင်လမ်းနေ ကိုထွန်းထွန်း(ခ)  ဦးထွန်းမြင့်+ဒေါ်ခင်လေးမြင့် အဏ္ဏဝါထွန်း  FAMILY  CO,LTD.  စက်သုံးဆီဆိုင် မိသားစုမှ   ကိုဗစ်  ကာလအတွင်း

  ပြည်သူ့ဆေးရုံတွင်  လိုအပ်ရာ  သုံးစွဲနိင်ရန် အတွက် အလှူတော်ငွေ  ၅၀၀၀၀ဝိ  ငါးသိန်းကျပ်နှင့် ကိုဗစ်- ၁၉ ရောဂါ ကုသရေးလုပ်ငန်းများ အတွက်  အသုံးပြုရန် စတီးကုတင် တစ်လုံးလျင် ၁၅၀၀၀ဝိ တစ်သိန်းငါးသောင်းကျပ်

တန်ဘိုးနှင့် ကျပ် ၃၀၀၀၀၀ဝိ သိန်းသုံးဆယ်တန်ဘိုးရှိ စတီးကုတင်  အလုံး (၂၀) အား ပေးအပ်  လှူဒါန်းရာ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းနှင့် တာဝန်ရှိများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ဝင်းဇော် (မင်းသားကြီး)ပေါင်းတည်