ငွေဆောင် အောက်တိုဘာ ၁၆
ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အ.ထ.ကကျောင်းတွင် ဖွင့်လှစ်ထားသော Facility Quarantine Center နေရာသည် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပြုလုပ်ရမည့် နေရာဖြစ်၍ Quarantine Center အား ပုသိမ်-ငွေဆောင် ကားလမ်းဘေး ၂၈မိုင်ရှိ NBC ကားကြီးကွင်းအတွင်း ပြောင်းရွှေ့ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီချိန်က ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က ငွေဆောင်ကျောင်းမှပစ္စည်းများအား ကားကြီးဝန်းသို့သယ်ယူခြင်း၊ ကုတင်များ နေရာချခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေ၊ မီး၊ မိလ္လာလိုင်းများ ပြုပြင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အောက်တိုဘာလ(၁၆)ရက်နေ့မှစ၍ ငွေဆောင်မြို့သို့ stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများကို ကားကြီးကွင်း Quarantine Center တွင် ထားရှိသွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းထံမှ သိရသည်။
မူမူသွင်(ပြန်/ဆက်)