သံဖြူဇရပ် အောက်တိုဘာ ၁၆
မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန လမ်းညွှန်မှုဖြင့် နွေးထွေးသောရင်ခွင် လူမှုရေးအဖွဲ့နှင့် (Care Myanmar) အဖွဲ့တို့ ပူးပေါင်း ပြီး သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများ အသုံးပြုနိုင်ရေးအတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် လက်ဆေးဆပ်ပြာ (HAND SOAP) ဘူးများလှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) ခွဲအချိန်က သံဖြူဇရပ်မြို့ နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမရှေ့၌ပြုလုပ်သည်။
ပေးအပ်ပွဲကို မွန်ပြည်နယ် နွေးထွေးသောရင်ခွင် လူမှုရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် (Care Myanmar) အဖွဲ့တို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန လူမှု ဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ထံ ငွေကျပ် (၄၇) သိန်း တန်ဖိုးရှိ လက်ဆေး ဆပ်ပြာတုံးများ ပေးအပ် လှူဒါန်းကြောင်းသိရသည်။
အေးအေးသီ