လက်ပံတန်း အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း ကမိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် ရေငန်ကျေး ရွာအုပ်စု၊ ရေငန်ကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
မိုးရွာသွန်းပြီးလေတိုက်ခတ်မှုကြောင့် ရေငန်ကျေးရွာ အုပ်စု၊ ရေငန်ကျေးရွာနေ ဦးမြင့်ဆွေဦး ၏ ၃ ပင်ပတ်လည် သွပ်မိုးထရံကာပျဉ်ခင်းနေအိမ်မှာ အမိုးလန်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် မိသားစုများအားနီးစပ်ရာဆွေမျိုးများထံ ကျေးရွာအုပ်ချုပ်ရေးမှူး၏ အစီစဉ်ဖြင့် ပြောင်းရွေ့ထား ရှိခဲ့ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
ဝင့်နန္ဒာဌေး