ညောင်လေးပင်မြို့နယ်တွင် ဒုတိယအကြိမ် ကပ်ထားသည့် မဲစာရင်းအား လာရောက်ကြည့်ရှု သူ ၁၃၇၉၁ ဦးရှိ

ညောင်လေးပင် အောက်တိုဘာ ၁၆

၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံ အတိုင်း အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ညောင်လေးပင်မြို့နယ်အတွင်းရှိ သက်ဆိုင် ရာရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် ကပ်ထား ကြေညာထားရာ လာရောက် ကြည့်ရှုသူ ၁၃၇၉၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု(၆၁)အုပ်စု၌ မဲရုံပေါင်း(၁၅၀)ရုံ ဖွင့်လှစ်သွားမည် ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ ၁၆၂၅၂၅ ဦး ရှိပြီး မဲစာရင်းအား လာရောက်ကြည့်ရှုသူ ၁၃၇၉၁ ဦး၊  ပုံစံ(၃)ဖြင့် တောင်းဆိုသူ ၁၇၅၇ ဦး၊  ပုံစံ(၃-က)ဖြင့် တောင်းဆိုသူ ၃၄၅ ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ  ၃၅၅ ဦး၊  ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ ၄၁၁ ဦးရှိကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)