ပလောက် အောက်တိုဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက် အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့် အကြောင်းအရာများ ပါဝင်သော UNESCO မှ ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများစသည့် သိကောင်းစရာ အကြောင်းအရာများ ကို ပြည်သူများ လွယ်ကူစွာ ကြည့်ရှုလေ့လာနိုင်စေရန်အတွက် ပြသဆောင်ရွက်ထားသည်။
နှင်းမြူလွင်