ဒီးမော့ဆိုတွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအား နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ/မရှိစစ်ဆေး

ဒီးမော့ဆို အောက်တိုဘာ ၁၆

ကယားပြည်နယ်လွိုင်ကော်ခရိုင်ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် နာရီအချိန်က ငွေတောင်ကျေးရွာ စိုက်ပျိုးရေးသိပ္ပံ (ဒီးမော့ဆို) ကျောင်းရှေ့၌ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒီးမော့ဆိုမြို့နယ်ရှိ ဌာနဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းတပ်ဆင် သွားလာ ကြရန်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေ ၂၀၀ ကျပ် ပေးဆောင်စေပြီး ချက်ချင်းတပ်ဆင်နိုင်ရန်အတွက် နှာခေါင်း စည်းတစ်ခု ပြန်လည်ပေးအပ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ပြုမှုနေထိုင်ကြရန်နှင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်အသုံး ပြုကြရန် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ပြည်သူများအား အပတ်စဉ် အသိပညာပေးစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)