လိပ်သို အောက်တိုဘာ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဒေသနေပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Online မှ တစ်ဆင့် အသိပညာပေး ဗီဒီယိုများကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ ရောဂါ အသိပညာပေးခြင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးခြင်းနှင့် အခြားပြည်သူ့အကျိုးပြု အသိပညာပေးခြင်း ဗီဒီယိုများကို IPRD Leiktho Facebook Page မှ တစ်ဆင့် Online တင်ဆက်မှု ပုံစံဖြင့် အပတ်စဉ် တင်ဆက် ပေးမည်ဖြစ်ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)