ကာလိ၊ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် (၇) နာရီခွဲ အချိန်ခန့်က ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များတို့က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ အမှတ်(၁၅၁)ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကျော်သက်ဦးနှင့် တပ်မတော်သားများ၊ ကာလိမြို့နယ် မြေရဲစခန်းမှူး ရဲအုပ်လှဟန်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလူနှင့် ဒေသခံပြည်သူများတို့က ပူးပေါင်းကာ အဆိုပါ ဆေးရုံတွင်မိုးရာသီကာလ၌ သစ်ပင်ချုံနွယ် ထူထပ်လျက်ရှိပြီး ဆေးရုံဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် သစ်ပင် သစ်ကိုင်းများ၊ မြက်ပြင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းကုသိုလ်ယူသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဝင်းကျော်(ကာလိ၊ ပြန်/ဆက်)