ဒဂုံမြောက် အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုး၊ မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင်များမှ Community Based Facility Quarantine Center အဖြစ်ထားရှိသော အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၅၀)ရပ်ကွက်နှင့် အမှတ်(၄၂) ရပ်ကွက်ရှိ Quarantine Center များသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ လူဝင်/လူထွက်စာရင်းနှင့် စောင့်ကြည့်လူနာများ၏ ကျန်းမာရေးအခြေနေအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တာဝန်ကျရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ အခက်အခဲများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည် လုပ်ငန်းအခြေအနေများကို မေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)