ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

ကျွန်းစု၊ အောက်တိုဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား ယမန်နေ့နံနက်(၁၁) နာရီက ထိန်ချောင်းကျေးရွာရှိ အောင်တော်မူသာ့သနာရိပ်သာ၌ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးဦးစီး၍ အရာရှိများ၊ စစ်သည်များက ကျွန်းစုမြို့နယ်၊ ထိန်းချောင်းကျေးရွာ၊ အောင်တော်မူသာ့သနာရိပ်သာရှိ ဆရာတော်၊ သံဃာတော်များအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းကိစ္စများအဆင်ပြေစေရန် ဆန်(၁၁)အိတ်၊ ဆီ(၁၂)ဘူး၊ စားသောက်ဖွယ်ရာများ၊ (Mask) များ၊ လက်အိတ်နှင့် လက်သန့်ဆေးရည်ဘူးများ ဆက်ကပ် လှူဒါန်းခဲ့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းခြင်းများအား တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ကိုဗစ်-၁၉ ကာလအတွင်း အပတ်စဉ် ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ စာသင်တိုက်များနှင့် စစ်မှုထမ်းဟောင်း များအား ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းကျော်စော (ပြန်/ဆက်)