မတူပီ အောက်တိုဘာ ၁၇
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်သက်သော ပစ္စည်း(၁၁)မျိုးကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁) ရပ်ကွက်၊ RCဘုရားရှိခိုးကျောင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ တစ်ကိုယ်ရည် သုံးပစ္စည်း(၁၁)မျိုးကို ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း ဟားခါး(KMSS Hakha)မှမြန်မာလူသားချင်းစာနာထောက်ထားရေးရန်ပုံငွေ(Myanmar manitasion fund )ဖြင့် ကျန်းမာရေးဆိုင်ရာ တစ်ကိုယ်ရည်သုံးပစ္စည်းများအားအိမ်ထောင်စု (၆၈၄) လူဦးရေ (၂၇၀၈)ဦးတို့အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တိုက်ပွဲရှောင်ပြည်သူလူထုတွေ ဂုဏ်သိက္ခာရှိရှိဖြင့် သူတို့၏တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေး တို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပစ္စည်းတစ်မျိုးတွင် လက်အိတ်၊Handgel Mask Family care ဆပ်ပြာအမွှေခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာချောင်၊ ရေစစ်၊ ရေခွက်၊ ရေပုံး၊ သောက်ရေခွက်နှင့်၁၂လီတာဆံရေဗူးတို့ပါဝင်ပြီး ပေးဝေ သည့်အခါ အိမ်ထောင်စုအလိုက်ရသည်အရေအတွက် မတူညီနိုင်ကြောင်း လူဦ:ရေအလိုက် ကိုယ်တိုက် ဆပ်ပြာ လူဦးရေ (၂)ဦးလျှင် ခုခံ(၄)ဦးရှိလျှင်(၅)ခဲ စသည့်ဖြင့် လူတစ်ဦးလျှင် တစ်လ သုံးစွဲရမည့် ကီလိုဂရမ်Standard စံနှုန်းများဖြင့်ဖြန့်ဝေခြင်းဖြစ်ကြောင်းကို(KMSS Hakha)အသင်းမှ ဦးဌေးလှိုင် (ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊တစ်ကိုယ်ရည်သန့်ရှင်းရေးမြှင့်တင်မှုအကြံပေး)ကပြောကြားခဲ့သည်။
လဲ့လဲ့ခိုင်(ဆမီး)