မတူပီခရိုင်၊ မတူပီမြို့ လောင်ဗန်းရပ်ကွက်ရှိ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

မတူပီ၊ အောက်တိုဘာ ၁၇

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း  (၇၈ ဒသမ ၇၁၆)ဖြင့်   တည်ဆောက်လျက်ရှိသော   ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့လောင်ဗန်းရပ်ကွက်ရှိ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို  အောက်တိုဘာလ (၁၅) ရက်နေ့မွန်းလွဲ ၁ နာရီအချိန်က မတူပီမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတေဇာမာန်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ၂၂-၈-၂၀၂၀ ရက်နေ့မှစတင်ဆောင်ရွက်ခြင်းဖြစ်ပြီး  အတိုင်းအတာအားဖြင့် (၁၅၀×၂၀ ×၅) ပေ၊ (၅×၁၅×၅) ပေနှင့် (၅××၂၀) ပေရှိ မြေထိန်းနံရံဖြစ်ကာ (Aidak Company)မှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာ (၆၀) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)