မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အများပြည်သူ အတွက် ပုံမှန်ကင်းလှည့်ဆောင်ရွက်

မိုးကုတ် အောက်တိုဘာ ၁၇
 
မိုးကုတ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် နေရပ်ပြန် ပြည်သူများအား ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်စစ်ဆေးခြင်း၊ Quarantine Center များဖွင့်လှစ်၍ စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်နေသကဲ့သို့ နေ့စဉ်မြို့အတွင်း ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကာ ပတ်ကင်းများ လှည့်လည် ဆောင်ရွက်လျက် ရှိသည်။
 
ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မစခန်းမှူးဒုရဲမှူး သိန်းဝင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်းတပ်ဖွဲ၀င်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ လှုပ်ရှားစစ်ဗျူဟာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး အထောက်အကူပြုအဖွဲ့၀င်များ ပူးပေါင်းလျက် မိုးကုတ်မြို့အတွင်းရှိ ရပ် ကွက်များသို့ လှည့်လည်ကာ ပြည်သူများ mask တပ်ဆင်အသုံးပြုရေး၊ လက်ဆေးခြင်းနှင့် ကျန်းမာရေး ၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သွားလာနေထိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကာ မြို့နေပြည်သူများ ဘေးကင်း လုံခြုံမှုရှိစေရေးအတွက် ပတ်ကင်းများလှည့်ကာ စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရှိရသည်။
 
ဖြိုးမမ(မိုးကုတ်)