သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်

သဲကုန်း   အောက်တိုဘာ   ၁၇

သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို မြို့ဝင်မြို့ထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက်ခြင်းနှင့် သဲကုန်းမြို့တွင်း၌ အပြင်သွားလျှင် နှာခေါင်းစည်း တပ်ဆင်အသုံးပြုစေရေး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။

အသိပညာပေးလုပ်ငန်းနှင့် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်နှင့် အိမ်သုံးကားများအား ထောက်ခံချက်များပါရှိမှု ရှိ/မရှိကို   သဲကုန်းမြို့ အဝင်ဂိတ်၌လည်းကောင်း၊ မြို့တွင်း၌ အပြင်ထွက်သွားလာနေသည့် ဒေသခံပြည်သူများကို အပြင်သွားလျှင် နှာခေါင်းစည်း တပ်ဆင်အသုံးပြု သွားလာစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှု မရှိသူများအား ဝယ်ယူ အသုံးပြုစေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးအတွက် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို သဲကုန်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်း(သဲကုန်း)