ကျောက်တံတားမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စားဝတ်နေရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျောက်တံတား၊ အောက်တိုဘာ   ၁၇

ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားသောက်ရေး အခက်အခဲရှိနေသော မိသားစုများ အဆင်ပြေစေရန် ရည်ရွယ်ကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း နေထိုင်ကြသော အမှန်တကယ် အခက်အခဲရှိနေသော အိမ်ထောင်စုများသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ ပေးအပ်လျက်ရှိရာ ယမန်နေ့ နေ့လယ်က မြို့နယ်အတွင်းရှိ အခက်အခဲရှိသော အိမ်ထောင်စု(၅၀)သို့ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အမှန်တကယ် အခက်အခဲရှိသော ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ဆန်   ၂  ပြည်၊ ဆီ     ၁ လီတာ၊ ကြက်ဥ  ၅ လုံး၊ ခေါက်ဆွဲခြောက် ၅ ထုတ်၊ ငါးသေတ္တာ    ၃  လုံး၊ Mask ၅ ခု Hand Gel Spray (၁၀၀)ml ၁ပုလင်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ စုစုပေါင်းအိမ်ထောင်စုပေါင်း (၆၉၇) စုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

ရွှေနန်းမေ