မိုင်းဖြတ်မြို့၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV)အကြောင်း အသိပေးဆွေးနွေး

မိုင်းဖြတ်  အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး (HPV)အကြောင်း အသိပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲ အချိန်ခန့် က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော် က သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး ထိုးနှံပေးရခြင်းနှင့် စပ်လျဉ်း၍ မြို့နယ်အတွင်း ထိုးနှံပေးမည့်အစီအစဉ်များ၊ ရောဂါလက္ခာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးကိုဆန်း က သာအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအကြောင်း သိကောင်းစရာများကို ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်  တက်ရောက်လာကြသည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ က ကာကွယ်ဆေးနှင့် ပတ်သက်သည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဒေါက်တာကျော်မျိုးဇော က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အောက်တိုဘာလ ၂၁ရက်နေ့တွင် မြိုနယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာန၌ (အခမဲ့)ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုးနှံပေးမည့် အသက်အပိုင်းအခြားမှာ ၂၀၁၀ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့နှင့် ၂၀၁၁ခုနှစ်၊ သြဂုတ်လ ၃၁ရက်အတွင်း မွေးဖွားခဲ့သည့် အသက် ၉နှစ်၊ ၁၀နှစ် မိန်းကလေးငယ်များကို ထိုးနှံပေးသွားမည်ဖြစ်ရာ မြို့နယ်အတွင်း ၃၉၀ ဦးခန့်ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာကျော်မျိုးဇော်ထံ က သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)