ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၀)ကျောင်းသို့ We Love East Dagon အဖွဲ့မှ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဒဂုံ(အရှေ့) အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းအခက်အခဲ မရှိစေရန်အတွက် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၀)ကျောင်းသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို We Love East Dagon အဖွဲ့မှ ယမန်နေ့က ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက် ပေါင်း(၂၉)တိုက်နှင့် သီလရှင်ကျောင်း(၁)ကျောင်းတွင် သီတင်းသုံး နေထိုင်လျက်ရှိသော ရဟန်း၊ သာမဏေများ၊ သီလရှင်ဆရာလေးများအား ကိုဗစ်-၁၉  ရောဂါကာလအတွင်း ဆွမ်းအခက်အခဲ မရှိစေရန်အတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၊ မြို့နယ်စည်ပင်သာယာ ကော်မတီအဖွဲ့ဝင် ဦးနေလနှင့် We Love East Dagon အဖွဲ့တိုမှ ဆီ၊ ခေါက်ဆွဲ၊ လက်ဖက်၊ ကုလားပဲ၊ ကော်ဖီမစ် ၊ ငါးသေတ္တာ အစရှိသည့်  ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ သွားရောက် ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)