အင်းစိန်တွင် ကိုဗစ်-၁၉ လူနာ စောင့်ကြည့်ရေးစခန်း (၆)ခုတွင် ဆက်စပ်လူနာ (၄၉၄)ဦး ကန့်သတ် စောင့်ကြည့်

ရန်ကုန်          အောက်တိုဘာ          ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းမပေါ်ရှိ အင်းစိန်မြို့နယ် ခန်းမတွင် ပြည်သူ့လူထုအခြေပြု ဖျားနာကုဆေးခန်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ၏ နောက်ဆုံးပတ် တွင် စတင်ဖွင့်လှစ်ထားရာ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ(၁၅၆၃)ဦးရှိပြီး ဆေးရုံ ဆင်းခွင့်ရရှိသူ (၇၅၇)ဦးနှင့် သေဆုံးသူ(၂၃)ဦးရှိပြီး အင်းစိန်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ စောင့်ကြည့်ရေးစခန်း (၆)ခုတွင် ဆက်စပ်လူနာ (၄၉၄)ဦး ကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

အင်းစိန် ဖျားနာကုဆေးခန်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ၏ နောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ် ထားရာ ယနေ့အချိန်ထိ လာရောက်ပြသသူများမှာ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ၊ ဖျားနာ သူများ၊ ဆီးချို၊ သွေးချိုရောဂါရှိသူများကို ကုသပေးသည့်အပြင် Test နှင့်လည်း စစ်ဆေးပေးလျက် ရှိရာ နေ့စဉ် လူဦးရေ (၁၀၀)နီးပါးရှိပြီး လိုအပ်ပါက ညွှန်းပို့လျက်ရှိပါသည်။ လာရောက်ပြသ သူများတွင် အနံ့ပျောက်သူများ များပြား၍ ဖျားနာကုဆေးခန်းတွင်ပါမောက္ခ ဆရာဝန် ဒေါ်မာမာကြည်နှင့် ဆရာဝန်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ကြက်ခြေနီအသင်းမှ လူနာတင်ယာဉ်များ၊ လူမှုကူညီရေး အသင်းများမှ မော်တော်ယာဉ်များက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)