ငွေဆောင် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ငွေဆောင်အ.ထ.က Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိသူ (၁၇)ဦးအနက် (၂)ဦး မှာ (၁၄) ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ရှောက်ချောင်း ကျေးလက်ကျန်းမာရေး ဌာနခွဲ ကျန်းမာရေးမှူး ဒေါ်ဌေးဌေးမော်က ယမန်နေ့ ညနေ (၃)နာရီခွဲက ကျန်းမာကြောင်း ထောက်ခံစာများ ပေးအပ်၍ နေရပ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ (၂)ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ၎င်းတို့၏ နေအိမ်များတွင် Home Quarantine (၇)ရက် ဆက်လက် နေထိုင်ရမည်ဖြစ်ပြီး စနစ်တကျနေထိုင် စားသောက်ရန် ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်းသိရသည်။
မူမူသွင်(ပြန်/ဆက်)