ရွှေသောင်ယံမြို့တွင် Facility Quarantine နေရာပြောင်းရွှေ့

ရွှေသောင်ယံ   အောက်တိုဘာ  ၂၀

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က‌ ရွှေသောင်ယံတွင် ဖွင့်လှစ်ထားသော Facility Quarantine Center အား ယနေ့နံနက်(၁၀)နာရီက ရွှေသောင်ယံမြို့အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က(၇၉) ဂျိုင်လယ် စာသင်ကျောင်းသို့ တာဝန်ရှိသူများမ ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အ.ထ.က ရွှေသောင်ယံ Facility Quarantine Center တွင် လက်ရှိ Quarantine ဝင်ရောက်နေ သူ(၃)ဦးကို သတ်မှတ်ရက်ပြည့်၍ တာဝန်ရှိသူများက ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ခဲ့ ကြောင်း၊ ကျန်းမာကြောင်း ထောက်ခံချက် လက်မှတ်ပေးအပ်ပြီး Quarantine Center ကိုလည်း စီစဉ်ထားသည့်အတိုင်း ပြောင်းရွှေ့ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆောင်ရွက်ရာခြင်းကို ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ ဖြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဆရာမများနှင့်‌ Voluenteer များမှဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကိုကိုမောင် (ပြန်/ဆက် )