ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှုငွေများလှုဒါန်း

ကြံခင်း  အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် We Love Nuature အဖွဲ့နှင့် ကြံခင်းမြို့ အင်းပက်လက်ကျေးရွာမှ ထာဝရအလင်းတန်း လူမှုကူညီရေး အသင်းများက ယမန်နေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့ ပြည်သူ့ဆေးရုံသို့ အလှုငွေများ လှုဒါန်းခဲ့ ကြကြောင်း သိရသည်။

အဆိုပါလှုဒါန်းခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် ကျန်းမာရေးမှ တာဝန်ရှိသူများက လက်ခံပြီး We Love Nuature အဖွဲ့ဝင်များက အလှုငွေကျပ်(၅၀၀၀၀၀)နှင့် ကြံခင်းမြို့ အင်းပက်လက် ကျေးရွာမှ ထာဝရအလင်းတန်း လူမှုရေးအသင်းက အလှုငွေကျပ်(၂၀၀၀၀၀)ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မိုးမိုး (ပြန်/ဆက်)