နွားထိုးကြီး အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံးကြီးသို့ ကမ္ဘောဇ ဘဏ်မှ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြင်ပလူနာဆေးကုဌာန အဆောင်ရှေ့တွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ကမ္ဘောဇဘဏ်ခွဲ ဝန်ထမ်းမိသားစုများမှ ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်း၏ ကိုယ်စား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် နွားထိုးကြီးမြို့ ကမ္ဘောဇဘဏ်ဝန်ထမ်းမိသားစုများမှ မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ အလှူငွေကျပ် သိန်း (၅၀) နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ် သည့် နှာခေါင်းစည်း (၃၀၀၀၀) ခု၊ ခေါင်းစွပ် (၅၀၀)ခု၊ လက်အိတ် (၃၀၀၀)ခု၊ Face Shield (၂၀၀) ခု၊ Hand Gel (၂၀၀) ခုနှင့် PPE ဝတ်စုံ (၅၀) စုံတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် သွားရောက်လှူဒါန်းပေးခဲ့သည်။
အဆိုပါ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်ဦးနှင့် ဝန်ထမ်းများက လက်ခံရယူခဲ့ပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)