သာပေါင်း အောက်တိုဘာ ၂၀
သာပေါင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိရေးအတွက် ဖွင့်ဖောက် စီစစ်ရေတွက်ခြင်းများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဖွင့်ဖောက်စီစစ်ရေတွက်ခြင်းကို ဆန္ဒမဲလက်မှတ်များ ထုတ်ယူရရှိသည့် အရေအတွက် ပြည့်/မပြည့်၊ သတ်မှတ်မဲဆန္ဒနယ်မြေ လက်မှတ် မှန်/မမှန်၊ မှင်စွန်း၊ စုတ်ပြဲနေသော မဲလက်မှတ်များ ပါ၀င်မှုရှိ/မရှိ၊ ကိုယ်စားလှယ်လောင်းများ အရေအတွက်နှင့်အမည်များ မှန်/မမှန်၊ ရက်ကွက်/ကျေးရွာ အုပ်စုအလိုက် ထုတ်ပေးရမည့် ဆန္ဒမဲလက်မှတ် အရေအတွက်တို့ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင ့်အဖွဲ့ခွဲ၀င်များက ဖွင့်ဖောက်စစ်ဆေး ရေတွက်ခြင်းများ နေ့ချင်းပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)