ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၁၃)ဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  အောက်တိုဘာ    ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည် ရောက်ရှိ နိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ(၁၈)ရက်နေ့၊ ညနေ(၆) နာရီ အချိန် က(၃)ဉီးနှင့် ယမန်နေ့ ညနေ(၄)နာရီခွဲ အချိန်က(၁၀)ဉီး  စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၃)ဉီးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင် ပေးခဲ့သည်။

အဆိုပါ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၁၃)ဉီးမှာ အမျိုးသား(၁၂)ဉီးနှင့် အမျိုးသမီး (၁)ဉီးတို့ ဖြစ်ကြပြီး ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မှ(၁)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် မှ(၃)ဉီး၊ တန့်ဆည်မြို့နယ် မှ(၁)ဉီး၊ ဘုတလင် မြို့နယ်မှ (၁)ဉီး၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်မှ (၃)ဉီး၊ ရေစကြိုမြို့နယ်မှ(၃)ဉီးနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့ နယ်မှ(၁)ဉီး တို့ဖြစ်သည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန် ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက် ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၆၀၂)ဉီး နှင့် အမျိုးသမီး (၆၉၅၄)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၅၅၆)ဉီး တို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)