တောင်တွင်းကြီး အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (HPV)ကာကွယ်ဆေးကို ပုံမှန် ကာကွယ် ဆေးထိုးအစီအစဉ်တွင် စတင်ထည့် သွင်းထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူးဒေါက်တာကြည်ကြည်မာက (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံရာတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် အတူ လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပြီး ဆေးထိုးနှံခြင်းအခမ်းအနားအား စတင်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် (HPV) ကာကွယ်ဆေးကို အောက်တိုဘာလ (၂၀) ရက်နေ့မှ စတင် ထိုးနှံပေးလျက်ရှိပြီး အသက်(၉) နှစ်မှ (၁၀) နှစ်အကြား အမျိုးသမီးငယ်များအား (HPV)ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် Human Papilloma Virus ဟုခေါ်သည့် (HPV) ပိုးကြောင့် ဖြစ်တက်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်း တွင် ဖြစ်ပွားတက် သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါး သည် HPV ပိုးကြောင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်ညို၊ မြို့နယ်ပညာရေးမှူး ဦး၀င်းညွှန့်နှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)