မိုင်းယောင်းမြို့နယ်၌ သီးနှံမျိုးစေ့များ အခမဲ့လိုက်လံဖြန့်ဖြူးပေး

မိုင်းယောင်း အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း မိသားစုတစ်ပိုင်တစ်နိုင် Home Garden အိမ်ရာခြံဝန်း စိုက်ခင်းများ၌ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)တပ်ဦးကျောင်း၊ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများ၏ အိမ်သို့ မျိုးစေ့များ အခမဲ့လိုက်လံဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

 “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ ဈေးသို့သွားလာမှု တတ်နိုင်သမျှ လျော့ကျစေရန်နှင့် အိမ်ရာခြံဝန်းစိုက်ခင်းအတွင်း မိသားစုတစ်ပိုင် တစ်နိုင်စိုက်ပျိုး ပြီး လတ်ဆတ်သော သီးနှံများကို စားသုံးနိုင်ရန်အတွက်ရည်ရွယ်ပြီး ဆလတ်၊ နံနံ၊ ကိုက်လံ၊ ကန်စွန်း၊ ဖရုံ၊ ခရမ်း၊ သခွား၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ ခရမ်းချဉ်၊ ငရုပ်၊ ပြောင်း၊ ပဲလင်းမြွေ၊ ရုံးပတီ၊ မုန်ညှင်းအမျိုးမျိုး၊ မုံလာနှင့် ရာသီအလိုက် အခြားမျိုးစေ့အမျိုးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတွေက အိမ်တိုင်ရာရောက် အခမဲ့လိုက်လံ ဖြန့်ဖြူးပေးတာဖြစ်ကြောင်း” စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။

အဆိုပါ မျိုးစေ့များကို အလှူရှင် ဦးစိုင်းထွန်း (Pyi Kyaw Hein Gems Co.,Ltd) မိသားစု၏ လှူဒါန်းမှုများဖြင့် ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)