ကျောက်တံခါး အောက်တိုဘာ ၂၀
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ထုတ်ပြန် ထားသော ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းစည်ကမ်းများကို သိရှိလိုက်နာ ဆောင်ရွက်ရန် နှင့် စည်းရုံးရေး ကာလအတွင်း ကွင်းဆင်းမည့်အစီအစဉ်ကို တစ်ပတ်ကြိုတင်ရန်တို့ကို ဆွေးနွေးပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် လောင်းများက သိလိုသည်များကို မေးမြန်းရာသက်ဆိုင်ရာမြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက် ခဲ့ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)