ဘုတလင် အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာမှ သုံးမွှာပူး ကလေး မိခင်အား မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဘုတလင် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ထောက်ပံ့သည့် ငွေကျပ်လေးသိန်းနှင့် နို့မှုန့်များကို အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၁၀ နာရီအချိန်က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ထောက်ပံ့ပေးရာတွင် ဘုတလင်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ထိုက်စုကြည်နှင့် အဖွဲ့ဝင်များက မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို)က ထောက်ပံ့သည့် ငွေကျပ်သုံးသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းက ထောက်ပံ့သည့် ငွေကျပ် တစ်သိန်းတို့ကို သုံးမွှာပူး ကလေးမိခင် ဒေါ်သင်းသင်းခိုင်ထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘုတလင်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက သုံးမွှာပူး ကလေးများအတွက် နို့မှုန့်များကို ယခုမှ စတင်၍ လစဉ် ထောက်ပံ့ပေးမည် ဖြစ်သည်။
အဆိုပါ သုံးမွှာပူး ကလေးမိခင်အား ယောင်္ကျားလေး နှစ်ဦးနှင့် မိန်းကလေး တစ်ဦးကို ဘုတလင်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ်လ ၂၃ ရက်က အောင်မြင်စွာ မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)