မြိုင် အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲ ကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်ခိုင် ကော်မတီ၏ လုပ်ဆောင်ချက်များအကြောင်း၊ ခရိုင် GDP တွင် မြိုင်မြို့နယ်၏ ပါဝင်နိုင်မှုအဆင့် တို့ကိုရှင်းပြသည်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်များ အကောင် အထည်ဖော် ဆောင်နိုင်ခဲ့မှုနှင့် ပတ်သက်၍ စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင့်ထွေးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း မြိုင်မြို့နယ်၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး၊ အကောင် အထည်ဖော်ဆောင်နိုင်ခဲ့သည့် ရာနှုန်း၊ တိုးတက်မှု ရာနှုန်းများအကြောင်းနှင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ရည်မှန်းထားသည့် အသားတင်ထုတ်လုပ်မှု တန်ဖိုးနှင့် ရည်မှန်းထားသည့် တိုးတက်မှုရာနှုန်းများအကြောင်းကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များ ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
သူရ(ပုံတောင်)