ပန်ဆိုင်း (ကြူကုတ်) မြို့၌ အိတ်ချ်ပီဗီ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်

ပန်ဆိုင်း    အောက်တိုဘာ  ၂၀

မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့ရပ်ကွက်၊ ကျေးရွာများမှ အသက်()နှစ်နှင့် (၁၀)နှစ်အရွယ် အမျိုးသမီး ငယ်များအား (အိတ်ချပ်ပီဗီ) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်() ရှမ်းလူငယ်ခန်းမ၌ ထိုးနှံပေးသည်။

အဆိုပါ သားအိမ်ခေါင်း ကာကွယ်ဆေး ထိုးရခြင်းကို ကျန်းမာရေးမှူး-() ဦးမျိုးကိုက သားအိမ်ခေါင်း ကင်ဆာအများစုဟာ (အိတ်ချပ်ပီဗီ)ပိုးကြောင့်ဖြစ်ပြီး (အိတ်ချပ်ပီဗွီ) ပိုးအမျိုး အစား(၁၆)နှင့် (၁၈)ပိုးတွေက သားအိမ်ခေါင်းကင်ဆာ အားလုံးရဲ့ (၇၀)ရာခိုင်နှုန်း ဖြစ်ပွားစေပါတယ်၊ (အိတ်ချပ်ပီဗီ) ပိုးကူးစက်ခံရတဲ့ လူတော်တော်များများဟာ ဆိုရင် ရောဂါလက္ခဏာ မပြ ကြောင်း” ပြောကြားသည်။ (အိတ်ချပ်ပီဗီ) ကာကွယ်ဆေးကို မိန်းကလေးငယ်များအား စောလျင်စွာ ထိုးနှံခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအသက်()နှစ်မှ (၁၀)နှစ်အရွယ်ရှိ မိန်းကလေးငယ်များကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့ ရပ်ကွက်၊ ကျေးရွာများရှိ အသက်()နှစ်မှ (၁၀)နှစ် အရွယ်ရှိမိန်းကလေးငယ်များအား (အိတ်ချပ်ပီဗီ) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို တစ်နှစ်ခြား()ကြိမ် ထိုးနှံရပေးမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံသူဦးရေ စုစုပေါင်းခန့်မှန်း(၁၆၀)ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)