ကွမ်းခြံကုန်း အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် စေတနာရှင်ပြည်သူများက အလှူငွေနှင့် ရောဂါကာကွယ်ရေး သုံးပစ္စည်းများ လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုများမှာ ဦးမောင်မောင်လွင်နှင့် ဇနီးဒေါ်ခိုင်ခိုင်အေး (မြို့နယ်အား/ကာဦးစီးမှူး) မိသားစုမှ အလှူငွေ (၁၁၀၀၀၀)ကျပ်၊ သောင်ခုံကျန်းမာရေးဌာနခွဲမှ ဦးထွန်းလွင်အေးနှင့် ဒေါ်နွယ်နွယ်စိုး မိသားစုမှ အလှူငွေ(၅၀၀၀၀)ကျပ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁) ဒေါ်မြတ်စုလတ်နှင့် သူငယ်ချင်းများမှ တန်ဖိုးငွေ(၇၄၂၅၀၀)ကျပ်ရှိသော တစ်ကိုယ်ရေ ကာကွယ်ရေးသုံး ဝတ်စုံ(PPE) (၅၀)ထည်၊ Boot Cover(၅၀)စုံ၊ Surgical Glove (၃၅၀)စုံ တို့ကို လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူမှ လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)