ဟိုမိန်း အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူလူထု၏ လူမှု စီးပွားဘဝများအပေါ် သက်ရောက်မှုများ လျော့ပါးသက်သာစေရန် ရည်ရွယ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဟိုမိန်းမြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာများသို့ တာဝန်ရှိသူ များက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် ဧပြီလ တစ်ရက်နေ့မှစ၍ မွေးဖွားသော ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား တစ်လလျှင် ထောက်ပံ့ငွေကျပ် (၁၅၀၀ဝိ/-) နှုန်းဖြင့် ထောက်ပံ့ ရာ မြို့ပေါ်ရပ်ကွက်(၃) ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၃)အုပ်စုရှိ ကျေးရွာများမှ ကိုယ်ဝန်ဆောင် မိခင် (၁၂) ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၄)ဦးတို့ကို အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရဲနောင်ထွန်း