မော်လမြိုင်မြို့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများအား လူမှု ကူညီရေးအဖွဲ့များထံ ပေးအပ်

မော်လမြိုင် အောက်တိုဘာ ၂၁

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာ များအား မော်လမြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော လူမှုကူညီရေး အဖွဲ့များထံ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲတွင် မော်လမြိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းနှင့် မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇာနည်ဦးတို့မှ ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ ကြသော လူမှုကူညီရေးအဖွဲ့ (၂၂) ဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ရင်ထိုးတံဆိပ်နှင့် Mask များကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)