ကွမ်းလုံမြို့နယ်တွင် Facility Quarantine ထားရှိသည့် နေရပ်ပြန် ပညာရေးဝန်ထမ်း (၇၀) ဦး အား ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ပိုးမတွေ့

ကွမ်းလုံ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် နေရပ်ပြန် ပညာရေးဝန်ထမ်း (၇၀)အား Facility Quarantine ထားရှိပြီး အောက်တိုဘာ (၁၇)ရက်နေ့တွင် ဓာတ်ခွဲနမူနာ (Swab)ရယူ၍ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ် ဆေး ခဲ့ရာ အားလုံးပိုးမတွေ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးဝန်ထမ်း (၇၀)ဦးသည် ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့ဖူးခြင်းမရှိသည့်အတွက် ဓာတ်ခွဲနမူနာကို တစ်ကြိမ်သာရယူလျက်ရှိကြောင်းနှင့် ကျန်းမာရေးအခြေအနေကို ထပ်မံ စောင့်ကြည့်နိုင်ရန်အတွက် အောက်တိုဘာ (၂၃)ရက်နေ့မှသာ Facility Quarantine မှ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်စောထွန်း၏ ပြောကြားချက်အရ သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)