စဉ့်ကိုင် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးနှင့် ကိုဗစ်−၁၉ကူးစက်ရောဂါကာကွယ်ရေးအနေဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ နံနက်(၉)နာရီက မြို့ပေါ် ရပ်ကွက်များ သန့်ရှင်း သာယာလှပရေး လုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထို့သို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရွှေခိုင်နှင့်မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးလှဝင်းတို့က ကြီးကြပ်၍ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်သိမ်းယာဉ်ဖြင့် စွန့်ပစ်ပစ္စည်းများ လိုက်လံသိမ်းဆည်းခြင်း ရန်ကုန်−မန္တလေး ကားလမ်းဘေး ဝဲ -ယာ များတွင် သစ်ပင်၊ပေါင်းပင်များ ခုတ်ထွင် ရှင်းလင်းခြင်း ရေနုတ်မြောင်းများ တူးဖော်ခြင်း ကိုဗစ်−၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အနေဖြင့် မြို့မစျေးတွင် သန့်ရှင်းရေးပြုလုပ်ခြင်း ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်သိမ်းယာဉ်ဖြင့် စွန့်ပစ်ပစ္စည်းများကို နေ့စဉ် လိုက်လံ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော် (စဉ့်ကိုင် ပြန်/ဆက်)