မုံရွာ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁၀) ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ရှိမြို့နယ်များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံ အဖြစ်(၁၆၂၈၂၆၆)ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆီထွက်သီးနှံစိုက်ပျိုးမှုအဖြစ် နေကြာ(၃၂၇၃၀၀)ဧက၊ ဆောင်းနှမ်း(၅၂၃၀၀၀)ဧက၊ နွေနှမ်း (၉၅၀၀၀) ဧက၊ ပန်းနှမ်း (၁၁၆၇၀၀) ဧက၊ မြေပဲ(၅၃၁၅၀၀)ဧက၊ မုံညှင်း(၃၄၇၆၆) ဧက စုစုပေါင်း (၁၆၂၈၂၆၆) ဧကအား စိုက်ပျိုးသွား မည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်(၃)ခုတွင် (၂၁၉၂၀၆) ဧက အား လည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)ခုတွင် (၁၆၉၃၂၃) ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင် အတွင်းရှိ မြို့နယ်(၄)ခုတွင် (၁၇၉၄၁၀)ဧကအား လည်း ကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် (၆)ခုတွင် (၃၂၉၃၁၈) ဧကအားလည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် (၂၅၃၉၅၀)ဧကအား လည်းကောင်း၊ ကသာခရိုင် အတွင်းရှိ မြို့နယ်(၇)ခုတွင်(၂၆၉၉၄၉)ဧကအား လည်းကောင်း စိုက်ပျိုးသွားမည် ဖြစ်သည်။
ချင်းတွင်းအထက်ပိုင်းဒေသများ ဖြစ်သော ကလေးခရိုင်အတွင်းရှိ မြို့နယ် (၃) ခုတွင် (၁၃၆၈၉၁) ဧက အားလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ် (၂) ခုတွင် (၂၉၀၆၅) ဧကအား လည်းကောင်း၊ တမူးခရိုင် အတွင်းရှိမြို့နယ်(၁)ခုနှင့်မြို့(၂)ခုတို့တွင် (၁၉၄၇၂) ဧကအား လည်းကောင်း၊ ခန္တ်ီးခရိုင်အတွင်းရှိမြို့နယ် (၂)ခုတွင် (၁၉၀၇၀) ဧကအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်(၃)ခုနှင့် မြို့(၄)ခုတို့တွင် (၂၆၁၂)ဧကအားလည်းကောင်း စိုက်ပျိုး သွားမည်ဖြစ် ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)