လှိုင်းဘွဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လှိုင်းဘွဲ    အောက်တိုဘာ  ၂၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
 ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိသဉ္ဇာအောင်က လှိုင်းဘွဲမြို့ နယ်အတွင်း ဆောင်ရွက်နေသည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများအား သင်တင်းဖွင့်လှစ်ပို့ချမည့် အစီအစဉ်များ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်တွင် ဆောင်ရွက်ထားရှိမည့် အခြေအနေများအား အသိပညာပေး လုပ်ငန်းများကို ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)